ဥရောပ • 1 min read
သတင်း

ကိုလံဘီယာတွင် ၂၀ ဦးကို ဓားစာခံအဖြစ် လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထား

One News

Nov 25, 2026

ကိုလံဘီယာတွင် ၂၀ ဦးကို ဓားစာခံအဖြစ် လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထား
0 Shares
27 Views

 

ကိုလံဘီယာနိုင်ငံ၊ ကာတာဂျီနာမြို့မှာ လက်နက်ကိုင်တစ်စုက စူပါမားကက်တစ်ခုထဲမှာ လူပေါင်း အယောက် ၂၀ ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြ ထားပါတယ်။

အဲဒီလက်နက်ကိုင်အဖွဲ့ဟာ ကုန်တိုက်တစ်ခုကနေ ငွေတွေသယ်ဆောင်လာတဲ့ သံချပ်ကာငွေသယ်ကားကို လုယက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လုယက်မှု မအောင်မြင်ဘဲ ရဲတပ်ဖွဲ့က အမြန်တုံ့ပြန်လာ တာကြောင့် အနီးအနားက Exito စူပါမားကက်ဆိုင်ခွဲတစ်ခုထဲ ဝင်ရောက်ပုန်းခိုပြီး အဲဒီမှာရှိနေတဲ့ လူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တာပါ။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဓားစာခံ ၁၀ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် အနည်းဆုံး လူအယောက် ၂၀ လောက်ကတော့ အဲဒီဆိုင်ထဲမှာ ဆက်လက်ပိတ်မိနေဆဲဖြစ်ပါတယ်။ရိုက်တာသတင်းဌာနရဲ့ ဓာတ်ပုံတွေမှာတော့ စူပါမားကက် အပြင်ဘက်မှာ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထား တဲ့ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများအပြား လုံခြုံရေးယူ ထားတာကို တွေ့ရပါတယ်။

ရဲတပ်ဖွဲ့ကလည်း လူတွေရဲ့အသက်အန္တရာယ်ကို ကာကွယ်ဖို့နဲ့ ဓားစာခံတွေ ဘေးကင်းစွာ ပြန်လည်လွတ်မြောက်လာနိုင်ဖို့အတွက် လူအင်အား၊ နည်းပညာနဲ့ အထူးတပ်ဖွဲ့ဝင်တွေကို စုစည်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက် နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိ ဓားစာခံအဖြစ် ဖမ်းဆီးထားသူတွေရဲ့ အမည်နဲ့ အထောက်အထားတွေကိုတော့ အာဏာပိုင် တွေက ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။ ကိုလံဘီယာသမ္မတ အဘယ်လာဒို ဒီလာ အက်စပရီလာကတော့ ဓားစာခံအားလုံးကို ကယ်တင်နိုင်မယ်လို့ ပြည်သူတွေကို အာမခံ ပြောကြားခဲ့ပါတယ်။
 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဥရောပ
သတင်း

ကန်၌ Black Friday အွန်လိုင်းဈေးဝယ်သုံးစွဲမှု ဒေါ်လာ ၁၃ ဘီလီယံကျော်ရှိနိုင်

One News

Nov 28, 2026 12

အမေရိကန်မှာ အခုနှစ် Black Friday အွန်လိုင်းဈေးဝယ်သုံးစွဲမှုဟာ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်အထိ ရှိလာနိုင်တယ်လို့ Adobe Analytics က ခန့်မှန်းထားတာကို Reuters သတင်းမှာဖော်ပြပါတယ်။